မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားများအသင်း၏အဌမအကြိမ်မြောက် နှစ်ပတ်လည် Golf ရိုက်ပြိုင်ပွဲကြီးကျင်းပမည်။
မြန်မာနိင်ငံပင်လယ်ကူးသင်္ဘောသားများအသင်း၏ နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သော နှစ်ပတ်လည် Golf ပြိုင်ပွဲကြီးအားအဌမအကြိမ် အဖြစ် ရန်ကုန်မြို့တော်စည်ပင် ငွေသော်တာ ဂေါက်ကွင်း (YCDC Silvery Golf Resort) တွင် ၂၀၁၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၂၀) ရက်၊ စနေနေ့၊ နံနက်(၆း၀၀) နာရီတွင် ကျင်းပပြုလုပ်မည်ဖြစ်၍ပါဝင်ယှဉ်ပြိုင်လိုသော Glofer များနှင့် ရေကြောင်းဆိုင်ရာ အဖွဲ့
အစည်းများမှ Golfer များအားလည်းကောင်း၊ ချစ်ကြည်ရင်းနှီးစွာ ပါဝင်ယှဉ်ပြိုင် ကစားနိုင်ရန် အသင်းရုံးမှ ဖိတ်ကြားထားပြီးဖြစ်သဖြင့် ဖိတ်စာမရသေးသော Golfer များအနေဖြင့်
အသင်းရုံး အမှတ်(၅၇)၊ ၃၇ - လမ်း၊ ကျောက်တံတားမြို့နယ်၊ ဖုန်း- ၃၇၅၈၂၀၊ ၃၉၂၀၇၆၊ ၃၈၁၅၉၂ သို့ဆက်သွယ်အကြောင်းကြားထုတ်ယူနိင်ပါသည်။
အလုပ်အမှုဆောင်အဖွဲ့
မြန်မာနိင်ငံပင်လယ်ကူးသင်္ဘောသားများအသင်း